DHCP (Dynamic Host Configuration Protocol) Server
DHCP ဆိုတာ IP Address တွေကို Dynamically အရ Centralize Management လုပ်ပေးနိုင်သော Server ဖြစ်သည်။
---DHCP Server ၏ အလုပ်လုပ်ပုံကို အဆင့်ဆင့်ရှင်းပြရမယ်ဆိုရင်
1. DHCP Discovery (Client Initiation)
- Client (e.g., Laptop or PC) သည် Network (Server) သို့ ဆက်သွယ်ပြီး IP Address မရှိသေးသောအခြေအနေဖြစ်သည်။
- DHCP Client သည် Discovery Message ကို Broadcast ပို့လွှတ်သည်။
ပို့လွှတ်သည့်အချိန်တွင် Source IP: 0.0.0.0 နှင့် ရှိနေပြီး Destination IP: 255.255.255.255 နှင့် ပို့လွှတ်သည်။
2. DHCP Offer (Server Response)
- DHCP Server သည် Client ၏ Discovery Message ကို သတိထားမိပြီး,
- သုံးနိုင်သော IP Address နှင့် Configuration Parameters (e.g., Subnet Mask, Default Gateway, DNS Server) အပါအဝင် DHCP Offer Message ကို Client သို့ ပေးပို့သည်။
- Offer Message ကိုလည်း Broadcast ပေးသည့်အတွက် Client အားလုံးပထမဆုံးလက်ခံနိုင်သည်။
3. DHCP Request (Client Request)
- Client သည် Server က ပေးသည့် Offer ကို လက်ခံရန် DHCP Request Message ကို ထပ်မံပို့လိုက်သည်။
- Message ထဲမှာ လက်ခံလိုသော IP Address နှင့် Server Identifier (Server ရဲ့ MAC Address) ပါဝင်သည်။
4. DHCP Acknowledgement (Lease Assignment)
- Server သည် Client ရဲ့ Request Message ကို လက်ခံပြီး DHCP Acknowledgement Message ကို ပေးပို့သည်။
- Message ထဲမှာ Client ရဲ့ သုံးစွဲရမည့် IP Address နှင့် Configuration အချက်အလက်များကို အတည်ပြုပါသည်။
- Client သည် ဒီအချိန်မှစပြီး IP Address ကို Lease Period (သက်တမ်း) အတွင်း အသုံးပြုနိုင်သည်။
DHCP Server ၏ အကျိုးကျေးဇူးများမှာ
1.အလိုအလျောက် Configuration လုပ်နိုင်သည့်အတွက် သုံးစွဲသူများမှ Manual Configuration မလုပ်ရတော့ပဲ, အလိုအလျောက် IP Configuration ရရှိနိုင်သည်။
2. Conflict Prevention ဖြစ်သည့်အတွက် Network တွင် IP Address Collision (ရဲ့အချင်းချင်းတိုက်ဆိုင်မှု) မဖြစ်စေဘဲ Unique IPs ပေးနိုင်သည်။
3.အချိန်စားရင်း လျှော့ချ ပေးနိုင်သည့်အတွက် Network Administrator ၏ အချိန်ကုန်ဆုံးမှုကို လျှော့ချပေးနိုင်သည်။
0 Comments